
၁။သူသေပြီ… ငါသည်ကိုယ်တော်၌အသေခံခဲ့သည်
“ထိုမှတပါး၊ ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှ အပြစ်တရား၏အစေကို မခံစေခြင်းငှါ၊ အပြစ်တရား၏ ကိုယ်ကို ဖျက်ဆီးမည်အကြောင်းတည်း။ သေသောသူသည် အပြစ်တရား၏ လက်မှ လွတ်လျက်ရှိ၏”(ရောမ ဩဝါဒစာ ၆း၆၊ ၇)။
၂။သူ့ကိုသင်္ဂြိုဟ်ခြင်းခံခဲ့ရပြီး … ကျွန်ုပ်သည်သူနှင့်အတူသင်္ဂြိုဟ်ခဲ့သည်
“ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့ မသိသလော။
ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့်၊ ထိုသခင်နှင့် အတူသင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော် မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း”(ရောမ ဩဝါဒစာ ၆း၃၊ ၄)။
၃။သူရှင်ပြန်ထမြောက်ပြီ…ကျွန်တော်သူ၌အသက်တာသစ်ရ၏
“ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့်၊ ထိုသခင်နှင့် အတူသင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော် မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း။
တနည်းကား၊ အသေခံတော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍၊ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည် မှန်လျှင်၊ ထမြောက်တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်”(ရောမ ဩဝါဒစာ ၆း၄၊ ၅)။
၄။သူတက်သွားပြီ…ကျွန်တော်သူအားဖြင့်တက်သွားပြီ
“ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ”(ဧဖက် ဩဝါဒစာ ၂း၆)။
“အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည်မှန်လျှင်၊ ဘုရား သခင်၏ လက်ျာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေ တော်မူရာအရပ်၌ရှိသော အထက်အရာတို့ကို ရှာကြာလော့”(ကောလောသဲ ဩဝါဒစာ ၃း၁)။

Leave a comment