ကောင်းကင်ဘုံ | Heaven
“…ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ သင်သည် မြေကြီးပေါ်မှာရှိ၏။…ထို့ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပါ။” (ဒေသနာကျမ်း ၅း၂၊၇)
က။ကောင်းကင်ဆိုတာဘာလဲ?
၁။ကောင်းကင်ဘုံသည်ဘုရားသခင်ကျိန်းဝပ်ရာနေရာဖြစ်သည်
“ဘုရားသခင်သည် ကောင်းကင်ဘဝဂ်ပေါ်မှာ ရှိတော်မူသည်မဟုတ်လော။ ကြယ်တို့သည် အဘယ်မျှ လောက်မြင့်ကြသည်တကား” (ယောဘဝတ္ထု ၂၂း၁၂)။
“ကိုယ်တော်၏ သန့်ရှင်းသော နေရာကောင်းကင် ဘုံ”…(တရားဟောရာကျမ်း ၂၆း၁၅)။
၂။ကောင်းကင်ဘုံသည်ဘုရားသခင်၏ပလ္လင်တော်အခန်းဖြစ်သည်
“ထာဝရဘုရားသည် ပလ္လင်တော်ကို ကောင်း ကင်ဘုံ၌ တည်တော်မူ၍၊ အာဏာတော်သည် ခပ်သိမ်း သော အရပ်တို့ကို နှံ့ပြား၏” (ဆာလံကျမ်း ၁၀၃း၁၉)။
“ထာဝရဘုရားမိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင် ရာခုံဖြစ်၏။ အဘယ်သို့သော ဗိမာန်ကို ငါ့အဘို့ တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါကျိန်းဝပ်ရာ အရပ်ဖြစ်မည်နည်း” (ဟေရှာယအနာဂတ္တိကျမ်း ၆၆း၁)။
၃။ကောင်းကင်ဘုံသည်ဘုရားသခင်၏ဘုန်းအသရေပြည့်စုံသောနေရာဖြစ်သည်
“ထိုအခါ ငါကြည့်ရှုစဉ်၊ ရာဇပလ္လင်များကို တည်ထားလျက်ရှိ၍၊ အသက်ကြီးသော သူတဦးသည် ထိုင်တော်မူ၏။ အဝတ်တော်သည် မိုဃ်းပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူသော သိုးမွှေးနှင့်တူ၏။ ပလ္လင် တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက် လှည်းဘီးရှိ၏။
မျက်နှာတော်မှာ မီးရောင်ခြည်ထွက်လေ၏။ အတိုင်းမသိ များစွာသော သူတို့သည် အမှုတော်ကို ဆောင်ရွက်၍၊ ကုဋေသင်္ချေမက ရှေ့တော်၌ ခစား၍ နေကြ၏။ တရားစီရင်ခြင်းငှါ ပြင်ဆင်၍ စာစောင်များ ကိုဖွင့်ထားကြ၏” (ဒံယေလအနာဂတ္တိကျမ်း ၇း၉၊၁၀)။
“သူသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ ဘုန်းတော်ကို၎င်း၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ယေရှုရပ်နေသည်ကို၎င်း မြင်လျှင်၊” (တမန်တော်ဝတ္ထု ၇း၅၅)။
၄။ကောင်းကင်သည်ဖြောင့်မတ်သူ (ယုံကြည်သူ) သေလွန်သူများ၏အိမ်ဖြစ်သည်
“ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော နိစ္စထာဝရအိမ်ရှိကြောင်းကို ငါတို့ သိကြ၏” (ကောရိန္သု ဩဝါသစာ ဒုတိယစောင် ၅း၁)။
၅။ကောင်းကင်သည်ယုံကြည်သူအားလုံး၏အနာဂတ်အိမ်ဖြစ်သည်
“ထို့နောက်မှ ငါကြည့်လျှင်၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှ ထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသော ဝတ်လုံကို ဝတ်ဆင် လျက်၊ စွန်ပလွံ ခက်ကိုကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ် ရှေ့မှာရပ်နေကြ၏။
သူတို့ကလည်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့်သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာရှိတော်မူစေသတည်းဟု ကြီးသော အသံနှင့်ကြွေးကြော်ကြ၏” (ဗျာဒိတ်ကျမ်း ၇း၉၊၁၀)။


Leave a comment