သန့်ရှင်းသောဝိညာဉ်တော် | The Holy Spirit

သခင်ယေရှုသည် သေခြင်းမှထမြောက်ပြီးသည့်နောက်၊ တပည့်တော်တို့အား ရက်ပေါင်း ၄၀ ထင်ရှားပြတော်မူ၏။ ထို့နောက် မြင့်မားသောတောင်ထိပ်တွင် သူနှင့်အတူ စုဝေးကြသောအခါ၊ ကိုယ်တော်ကို သူတို့မျက်မှောက်တွင် ကောင်းကင်ဘုံသို့ ခေါ်ဆောင်သွားခဲ့သည်၊ (တမန်တော် ၁:၁-၁၁ ကိုဖတ်ပါ)။ သို့သော် သူထွက်ခွာမသွားမီတွင်၊ ယေရှုသည် ယုံကြည်သူများအား အလွန်ထူးခြားပြီး အံ့သြဖွယ်ကောင်းသော ကတိတစ်ခုပေးခဲ့သည်။

“…ငါသည် ခမည်းတော်ကိုတောင်း၍၊ ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။…ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်..”(ရှင်ယောဟန်ခရစ်ဝင် ၁၄း ၁၆-၁၈၊ ၁၆း၅-၇)။

သခင်ယေရှုသည် ကျွန်ုပ်တို့ကို ဤလောက၌ တစ်ယောက်တည်းထားခဲ့သည်မဟုတ်။ ကျွန်ုပ်တို့ ဆီသို့သန့်ရှင်းသောဝိညာဉ်တော်ကိုစေလွှတ်တော်မူပြီ။

Leave a comment