သန့်ရှင်းသောဝိညာဉ်တော်၏အမှု | The Work of the Holy Spirit 

  1. ယုံကြည်သူ၏ကိုယ်ပိုင်အသက်တာ၌

သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူအတွင်း၌ ကျိန်းဝပ်ရန်ကြွလာတော်မူသည် ။ 

  1. သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို သက်သေခံသည်။ “ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေ ခံတော်မူ၏။”(ရောမ ဩဝါဒစာ 8:16)
  2. သန့်ရှင်းသောဝိညာဉ်တော်က သွန်သင်သည်။ “ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသောဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်း သော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဥာဏ်ကို သင်တို့အား ပေးတော်မူ၏။”(ရှင်ယောဟန်ခရစ်ဝင် 14:26)
  3. သန့်ရှင်းသောဝိညာဉ်တော်သည် လမ်းပြသည်။ “ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော် မူသမျှသော သူတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။”(ရောမ ဩဝါဒစာ 8:14)
  4. သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အား ဘုရားသခင်နှစ်သက်သောအသက်တာဖြင့် အသက်ရှင်နေထိုင်ရန် ကူညီပေးသည်။ “ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့ မလိုက်ဘဲနေကြလိမ့်မည်။”(ဂလာတိ ဩဝါဒစာ 5:16)
  5. သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အား ဆုတောင်းရာတွင် ကူညီပေးသည်။ “ထိုမှတပါး၊ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည်ဆုတောင်း သင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။”(ရောမ ဩဝါဒစာ 8:26)
  6. သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာအား အသက်ပေးသည်။ “ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ဝိညာဉ်တော်သည် သင်တို့ အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသည် သင်တို့အထဲ၌ ကျိန်းဝတ်သောမိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်။”(ရောမ ဩဝါဒစာ 8:11)

Leave a comment