ကောင်းကင်ဘုံ | Heaven
-

ကောင်းကင်ဘုံ | Heaven “…ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ သင်သည် မြေကြီးပေါ်မှာရှိ၏။…ထို့ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပါ။” (ဒေသနာကျမ်း ၅း၂၊၇) က။ကောင်းကင်ဆိုတာဘာလဲ? ၁။ကောင်းကင်ဘုံသည်ဘုရားသခင်ကျိန်းဝပ်ရာနေရာဖြစ်သည် “ဘုရားသခင်သည် ကောင်းကင်ဘဝဂ်ပေါ်မှာ ရှိတော်မူသည်မဟုတ်လော။ ကြယ်တို့သည် အဘယ်မျှ လောက်မြင့်ကြသည်တကား” (ယောဘဝတ္ထု ၂၂း၁၂)။ “ကိုယ်တော်၏ သန့်ရှင်းသော နေရာကောင်းကင် ဘုံ”…(တရားဟောရာကျမ်း ၂၆း၁၅)။ ၂။ကောင်းကင်ဘုံသည်ဘုရားသခင်၏ပလ္လင်တော်အခန်းဖြစ်သည် “ထာဝရဘုရားသည် ပလ္လင်တော်ကို ကောင်း ကင်ဘုံ၌ တည်တော်မူ၍၊ အာဏာတော်သည် ခပ်သိမ်း သော အရပ်တို့ကို နှံ့ပြား၏” (ဆာလံကျမ်း ၁၀၃း၁၉)။ “ထာဝရဘုရားမိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင် ရာခုံဖြစ်၏။ အဘယ်သို့သော ဗိမာန်ကို ငါ့အဘို့ တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါကျိန်းဝပ်ရာ အရပ်ဖြစ်မည်နည်း” (ဟေရှာယအနာဂတ္တိကျမ်း ၆၆း၁)။…