ပျော်ရွှင်ပါစေအမေ၏နေ့ | Happy Mother’s Day
-
“လူလုပ်သောအထည်အလိပ်သည် ခိုင်ခဲ့၍၊ လှသောအဆင်းနှင့် ပြည့်စုံသဖြင့်၊ သူသည်နောင်ကာလ၌ ဝမ်းမြောက်လိမ့်မည်”(သုတ္တံကျမ်း ၃၁း၂၅)။ “မိန်းမသည်သားကို ဘွားစဉ်အခါ ဘွားရသောအချိန်စေ့သောကြောင့် ဝမ်းနည်းခြင်းရှိ၏။ ဘွားမြင် ပြီးမှ ဤလောက၌ လူတယောက်ကိုဘွားမြင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ၍၊ အထက်ခံရသောဝေဒနာကို မေ့လျော့တတ်၏”(ရှင်ယောဟန်ခရစ်ဝင် ၁၆း၂၁)။ “သူ၏သားသမီးတို့သည်ထ၍၊ အမိကို ကောင်း ကြီးပေးတတ်ကြ၏။ သူ၏ခင်ပွန်းကလည်း၊လူမျိုးသမီးအများတို့သည် ကောင်းမွန်စွာ ပြုကြ ပြီ။ သို့ရာတွင်၊ သင်သည် ထိုသူအပေါင်းတို့ကို လွန်ကဲပြီ ဟု သူ့ကို ချီးမွမ်းတတ်၏”(သုတ္တံကျမ်း ၃၁း၂၈၊ ၂၉)။ “ထိုသို့သော မိန်းမကျင့်ရာ အကျိုးကိုပေးလော့။ သူပြုသောအမှုသည် မြို့တံခါးတို့၌ သူ၏အသရေကို ထင်ရှားစေသတည်း”((သုတ္တံကျမ်း ၃၁း၃၁)။ “အမိသည် သားငယ်ကို နှစ်သိမ့်စေသကဲ့သို့၊ သင်တို့ကို ငါနှစ်သိမ့်စေမည်။ ယေရုရှလင်မြို့၌ ချမ်းသာ ရကြလိမ့်မည်”(ဟေရှာယအနာဂတ္တိကျမ်း ၆၆း၁၃)။ “လူလုပ်သောအထည်အလိပ်သည် ခိုင်ခဲ့၍၊…