သန့်ရှင်းသောဝိညာဉ်တော် | The Holy Spirit
-
သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူတိုင်းအတွက် ဘုရားသခင်၏လက်ဆောင်ဖြစ်သည်။ လူတစ်ဦးသည် သခင်ယေရှုကို ယုံကြည်ပြီး သူပေးသော ကယ်တင်ခြင်းကို ရရှိသောအခါ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ယုံကြည်သူတွင် အသက်ရှင်နေထိုင်ရန် ဝိညာဉ်အသက်တာကို ပေးဆောင်သည်။ “ပေတရုကလည်း၊ သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှါ နောင်တရ၍တယောက်မျှမကြွင်း၊ ယေရှုခရစ်၏ နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြ လိမ့်မည်။ အကြောင်းမူကား၊ ဂတိတော်သည် သင်တို့နှင့်၎င်း၊ သင်တို့၏သားသမီးတို့နှင့်၎င်း၊ ဝေးသော သူတို့တွင် ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်တော်မူသမျှသောသူတို့နှင့်၎င်း ဆိုင်သည်ဟု ဟော၏။”(တမန်တော်ဝတ္ထု ၂း၃၈-၃၉) “ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ် သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေတွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည် ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည် ခံရလတံ့သောဝိညာဉ်တော်ကို…
-
သန့်ရှင်းသောဝိညာဉ်တော်အကြောင်း ကျွန်ုပ်တို့ ပထမဆုံးနားလည်ရမည့်အချက်မှာ သူသည် အမှန်ပင် ဘုရားသခင်ဖြစ်သည်။ “ပေတရုကလည်း၊ အာနနိ၊ သင်သည်သန့်ရှင်း သော ဝိညာဉ် တော်ကို လှည့်စား၍၊ မြေကိုရောင်းသော အဘိုး၏တဘို့ကိုထိမ်ဝှက်မည် အကြောင်း၊ စာတန်သည် သင်၏စိတ်နှလုံးကို အဘယ်ကြောင့် ပြည့်စေ ရသနည်း။ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ရသော အဘိုးသည် ကိုယ်ဥစ္စာဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ကြံ စည်သနည်း။ လူကိုသာ မုသာပြောပြီမဟုတ်၊ ဘုရားသခင်ကိုလည်း မုသာပြောပြီဟု ပေတရုဆို၏”(တမန်တော်ဝတ္ထု ၅း၃၊၄)။ “သခင်ဘုရားဟုဆိုသော် ဝိညာဉ်တော်တရားကို ဆိုလိုသတည်း။ သခင်ဘုရား၏ ဝိညာဉ်တော်တရားသည် လွှတ်ခြင်းချမ်းသာကို ပေးတတ်၏”(ကောရိန္သု ဩဝါသစာ ဒုတိယစောင် ၃း၁၇)။ ဘုရားသခင်သည် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်အဖြစ် လူသားတို့အား သူ့ကိုယ်သူဖော်ပြရန် ရွေးချယ်ခဲ့သည်။ ဤတရားသုံးမျိုးတို့သည် ထင်ရှားရှိကုန်သော…
-
သခင်ယေရှုသည် သေခြင်းမှထမြောက်ပြီးသည့်နောက်၊ တပည့်တော်တို့အား ရက်ပေါင်း ၄၀ ထင်ရှားပြတော်မူ၏။ ထို့နောက် မြင့်မားသောတောင်ထိပ်တွင် သူနှင့်အတူ စုဝေးကြသောအခါ၊ ကိုယ်တော်ကို သူတို့မျက်မှောက်တွင် ကောင်းကင်ဘုံသို့ ခေါ်ဆောင်သွားခဲ့သည်၊ (တမန်တော် ၁:၁-၁၁ ကိုဖတ်ပါ)။ သို့သော် သူထွက်ခွာမသွားမီတွင်၊ ယေရှုသည် ယုံကြည်သူများအား အလွန်ထူးခြားပြီး အံ့သြဖွယ်ကောင်းသော ကတိတစ်ခုပေးခဲ့သည်။ “…ငါသည် ခမည်းတော်ကိုတောင်း၍၊ ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။…ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်..”(ရှင်ယောဟန်ခရစ်ဝင် ၁၄း ၁၆-၁၈၊ ၁၆း၅-၇)။ သခင်ယေရှုသည် ကျွန်ုပ်တို့ကို ဤလောက၌ တစ်ယောက်တည်းထားခဲ့သည်မဟုတ်။ ကျွန်ုပ်တို့ ဆီသို့သန့်ရှင်းသောဝိညာဉ်တော်ကိုစေလွှတ်တော်မူပြီ။